တက္ကသိုလ်သို့
တက်ရောက်ခွင့် ရပြီဆိုသော်လည်း အချို့မှာ အောက်ခြေလွတ် ဘ၀မေ့ဖြစ်သွားတတ်ကြသည်။ တက္ကသိုလ်၌
တက်ရောက် ပညာသင်ကြားနေပြီဆိုကာမှ စာကြိုးစားသင်ယူလိုစိတ် လျော့ပါးသွားပြီး ပေါ့ပေါ့လျော့လျော့နေမိသောကြောင့်
စာမေးပွဲ (၂)နှစ်ကျ၍ တက္ကသိုလ်မှ ထုတ်ပယ်ခံရပြီး ဘ၀ပျက်သွားသူများမှာလည်း အများအပြားပင်
ရှိနေပါသည်။ အမှန်စင်စစ် သာသနာ့တက္ကသိုလ်သည် မိမိကိုယ်ကို နှိမ့်ချရန်၊ မိမိစိတ်ကို
ထိန်းချုပ်ရန်နှင့် အရာရာကို အဖက်ဖက်မှ ဆင်ခြင်သတိထား ကြည့်မြင်တတ်ရန် လေ့ကျင့်ပေးသည့်
နေရာသာ ဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်မှာ ပညာသင်ယူခွင့်ရပြီဖြစ်သည့်
သင်တန်းသားများအနေဖြင့် ပိုမို၍ ကြိုးစားကာ နေရဦးမည်ဟူသည်ကို ၀င်ခွင့်မရမီကတည်းက သတိချပ်သင့်သည်။
အချုပ်အားဖြင့် မိမိ၏ ရည်ရွယ်ရင်းအတိုင်း သာသနာ့တက္ကသိုလ်မှ
ပေးအပ်မည့်ဘွဲ့ကို အချိန်တိုအတွင်း ရယူ၍ မိမိ၏ သာသနာ့ဝန်ထမ်းဘ၀ကို ရောက်သည့်နေရာ ကြုံသည့်အရပ်၌
သာသနာ့တာဝန် ကျေပွန်စွာ ထမ်းဆောင်ရင်း မြှုပ်နှံသင့်သည်ဟု ကောင်းမြတ်သော သန္နိဋ္ဌာန်ကို
ရင်ဝယ်ပိုက်ထားသင့်လှပါသည်။
No comments:
Post a Comment