ကနန်းဒေသ၊ နန်းဇားရွာ
ရွာဦးဇေတဝန်ကျောင်းဆောင်ကြီးအတွင်းရှိ
ရွှေပိန်းချကျွန်းတိုင်၌ ရေးထိုးထားသော
ကျောင်းအလှူမှတ်တမ်း
(ကောဇာ ၁၁၉၇။ အေဒီ ၁၈၃၅။)
====================
သဒ္ဓါဤသို့ ကျွန်ုတို့သည် နှစ်လိုတူကွ ပုပ္ပ မုည္စ
ပရ စေတနာ သုံတံဖျာ၍ ဆြာတကာ ညီာညွတျွာ်း
ရှိသောအားဖြင့် အများယ္ခု တို့တစုလဉ်း ကောင်းမှုမဟာ
ကြောင်ဝိဟာကို သဒ္ဓါနှစ်သက် စိတ်ထက်ကြည်ဖြူ
စိုက်ဆောက်ထူ၍ လှူပါရသား အကျိုးအားဖြင့်
တချားသည့်ပြင် ဗုဒ္ဓကူင်္ရ ဇာတ်ဘာဝကို စိတ္တရမည်တွင်
ပန်ကျီဆေးပေါင်း စုံအောင်လောင်း၍
သင့်ကြောင်းချယ်လယ် အသွယ်သွယ်ကို
တင့်တယ်ဆမ်းပြား ကုသိုလ်များနှင့်
တချားထို့ပြင် ရောင်ထင်တောက်ပ အမွန်ချသည်
ဆိုင်လှာဆိုင်ကောင် ဆိုင်ပေါင်နှစ်ရာ သာသည်ခုနှစ်ဆယ်
စွန်ဝယ်တဆိုင် တုနှိုင်းဘက်ကွာ ရွှေစဝါဟု
ရောင်ဝါစိုရွှန် ရွှေမွန်အသစ်
ပြီးသည်နှစ်ကား သက္ကရာဇ်သင်္ချာ တထောင်လာ၍
တရာကိုးဆယ် စွန်ဝယ်ခုနစ်ခု ဥတုမာသ ဝါခေါင်လလျှင်
ဆန်ထဒီဒီ ပုဏ္ဏမီဟု အညီမပြက် ဆဲ့ငါးရက်မှ
ပြည့်ထလွန်ကျော် စွန်ပေါ်ခြောက်ရက် အချက်မှံစွာ
နေ့သောက်ျာတွင် မင်္ဂလာမည်ရ အောင်သည်ပဟု
ကိစ္စလုံစုံ ဥဿုံမကျွင် ပြီးလျင်းသောခါ ဆြာတကာ
စေတနာညွတ်ပြတ် ဤလှုမြတ်ကြောင့်
ထက်ရပ်နိဗ္ဗာန် မစံသမျှ ဤဘဝမှ စ၍သံသရာ
ရှည်လျားစွာလည်း လေးဖျာအပါယ် သုံးသွယ်သောကတ်
ငါးထပ်ရံသူ ဆာပူလွတ်ရှင်း ကင်းကြီးကင်း၍
လူမင်းချမ်းသာ နတ်ချမ်းသာကို လုလာစံပြီး
ပြဉ်ကြီးနိဗ္ဗာန် မြတ်ဆုံးစွန်သို့ မယံကျွန်တို့ ရောက်ပါလိုကုန်သောဝ်။
ဤသည်ကုသိုလ် အဖို့ကိုလည်း မြင်မိုရ်စက္ကဝါ
မြေအလွှာ၌ မဟာနက်ကျယ် သမုတ်ဝယ်လည်း
နှိုင်းဆွယ်မရ ကျေးဇူးစသည် မိဘဖိုးဖွား တရားကျကျ
ဓမ္မပဲ့ပြင် သွန်သင်ဆြာ ညာတကာနှင့် ယင်းချာမြို့ဆွေ
ကျွန်တို့ဝေ၏။
ရေမြေစိုးရ ဘဝသခင် ရွှေနန်းရင်နှင့်
တောင်တင်ညာထား မိဖြုားနှင့် သားတော်သ္မီး
မူးကြီးမတ်ရာ
သာသနာငါးထောင် ကုန်အောင်စောင့်တတ်
နတ်ကမကျွင်း မြစ်မင်းငါးသွယ် မြစ်ငယ်ငါးရာ
လေးဖြာကျွန်မ အနန္တစကြဝဠါ များစွာအကုံ ဘုံသုံးဆဲ့တစ်
ဖြစ်ရြသမျှ ယမလယမမင်း မကျွင်းရစေ အမျှဝေ၏။
ကိုယ်တွင်မကွာ စောင့်ကျပ်ပါသား သမာဓိနတ်
အမြဲမှတ်လော ပေအပ်စာရင်း ကမ္ပဉ်းသွင်ခါ
ငေ်းမှုရာကို မံစွာသတိ မာတလိအား ရှိသည်အလိုက်
ရွှေပုရပိုက်တွင် ရေးမှတ်ထင်အောင် လုလ္လဆောင်ပါ
နောင်ခါတချက် တဝက်သာသနာ ရှိသောခါမှ
ရာဇာမင်းမြတ် ပေါ်လတ်သောခါ ကမ္ပဉ်းစါကို
ဖွေရှာသဉ်ခိုက် ရွှေပုရပိုက်တွင်
စိုက်၍ချယ်တော်မူစေသော။
ဝသုန္ဓရေ သက်သေညွှန်ကျား သိစေသားဟု
ထိပ်ထားကျော်သာ ဝေငှပါ၏။
ဗြဟ္မာနတ်လူ သုံးဘုန်သူတို့ ကြည်ဖြူစေ ဤငေ်းမှုကို
သာဓု သာဓု သာဓု ခေါ်စေသော်
ဝေပါကုန် ။
====================
ရွှေပိန်းချကျွန်းတိုင်၌ ရေးထိုးထားသော
မူရင်းသတ်ပုံအတိုင်း ရေးကူးထားခြင်းသာ ဖြစ်သည်။
PDF 👉 (19.7 KB)
https://yadi.sk/i/AkaoH4TE3aJhdR
ကနန်းဒေသရှိ ဇေတဝန်ကျောင်းဆောင်ကြီးများ
https://m.facebook.com/story.php?story_fbid=780879215450362&id=100005848723377