မိုးဖွဲဖွဲလေးမှာ ရိုက်ထားတာ
Monday, 8 September 2014
Sunday, 7 September 2014
ဝိနယ၊ အဘိဓမ္မနှင့် ဗဟုသုတဘာသာ မေးခွန်း (၁၃၇၄ ။ 2012)
ဝိနယ၊ အဘိဓမ္မနှင့် ဗဟုသုတဘာသာ
မေးခွန်း (၁၃၇၄ ။ 2012)
(က) ၀ိနယ
၁။ တောင်တန်းသာသာနာပြုရဟန်းတော်များ
သီတင်းသုံးရာအရပ်၌ ရဟန်းနှစ်ပါး/ သုံးပါးသာ ရှိခဲ့ပါက ဥပုသ်နေ့၌ ဥပုသ်မည်သို့ ပြုရမည်ကို
ကျမ်းဂန်နှင့်အညီ ညွှန်ပြခဲ့ပါ။
၂။ အိန္ဒိယနိုင်ငံ(မဇ္ဈိမဒေသ)သို့
ဘုရားဖူးရောက်စဉ် ရေချိုးလိုသော ရဟန်းသည် ရေချိုးလိုတိုင်း ချိုးခွင့် ရှိ/မရှိ ပြဆို၍
ထိုဒေသ၌ အမြဲနေသော ရဟန်းများ ရေချိုးရာ၌ လိုက်နာရမည့် အချက်များကို နဟာနသိက္ခာပုဒ်နှင့်
အညီ ညှိနှိုင်းပြပါ။
၃။ ရဟန်းအသုံးအဆောင် သင်္ကန်း(၉)မျိုးတို့တွင်
အဘယ်အမျိုးအစားကို အဘယ်အဓိဋ္ဌာန်တင်၍ သုံးစွဲရပါမည်နည်း။ တိကျစွာ ညွှန်ပြခဲ့ပါ။
(ခ) အဘိဓမ္မ
၎။ ရေထဲကို လက်နှိုက်သွင်းသောအခါ
တွေ့ထိခံစားရသော အေးပူသဘောသည် အာပေါဓာတ် ဟုတ်/မဟုတ် အထောက်အထား ခိုင်လုံစွာဖြင့် ရှင်းလင်းဖြေဆိုပါ။
၅။ မည်သည့်ရုပ်၏အစွမ်းကြောင့်
သက်ရှိခန္ဓာ မပုပ်မသိုးခြင်း ဖြစ်ရသနည်း၊ အကြောင်းပြဖြေဆို၍ အာကာသရုပ်ကို ၀ိပဿနာ ရှု၍
ရ/မရ ရှင်းပြပါ။
၆။ ဒိဋ္ဌိစေတသိက်ကိုချည်း တရားကိုယ်ကောက်ယူရသော
သီလဗ္ဗတပရာမာသကာယဂန္ထနှင့် ဣဒံသစ္စာဘိနိဝေသကာယဂန္ထတို့၏ ခြားနားမှုကို ရှင်းပြပါ။
(ဂ) ဗဟုသုတ
၇။ မြတ်ဗုဒ္ဓ ပထမဦးဆုံး သာသနာပြုစေလွှတ်ချိန်
သာသနာတော်၌ ရဟန်းသံဃာအရေအတွက်ကို ဖော်ပြပြီး တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားပြီးဆုံးသောအခါ
မြတ်ဗုဒ္ဓ လူ့ပြည်သို့ ပြန်ကြွသည့် နေရာဒေသကို လည်း ဖြေဆိုပါ။
၈။ မြတ်ဗုဒ္ဓ ဖွားတော်မူသည့်
ခုနှစ်၊ လ၊ ရက်၊ နေ့နှင့် တောထွက်တော်မူသည့် ခုနှစ်၊ လ၊ ရက်၊ နေ့တို့ကို မှန်ကန်စွာ
ဖော်ပြပါ။
၉။ ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာတို့
အလေးအမြတ်ပြုရခြင်းအကြောင်းကို ပြည့်စုံစွာ ဖော်ပြပါ။
၁၀။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်
(ရန်ကုန်)နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) တို့ စတင်ဖွင်လှစ်သည့်
ခုနှစ်၊ လ၊ ရက်တို့ကို ကောဇာသက္ကရာဇ်၊ ခရစ်သက္ကရာဇ် နှစ်မျိုးဖြင့် ဖော်ပြပါ။
Subscribe to:
Posts (Atom)