Tuesday, 21 August 2018

ကနန်းဒေသ နန်းဇားရွာဦးကျောင်း အလှူမှတ်တမ်း

ကနန်း​ဒေသ၊ နန်းဇား​ရွာ
ရွာဦး​ဇေတဝန်​​ကျောင်း​​ဆောင်​ကြီးအတွင်းရှိ
ရွှေပိန်းချကျွန်းတိုင်​၌ ​ရေးထိုးထား​သော
ကျောင်းအလှူမှတ်​တမ်း
(​ကောဇာ ၁၁၉၇။ ​အေဒီ ၁၈၃၅။)
====================

သဒ္ဓါဤသို့ ကျွနု​တို့သည်​ နှစ်​လိုတူကွ ပုပ္ပ မုည္စ
ပရ ​စေတနာ သုံတံဖျာ၍ ဆြာတကာ ညီာညွတျွာ်း
ရှိ​သောအားဖြင့်​ အများယ္ခု တို့တစုလဉ်း ​ကောင်းမှုမဟာ
ကြောင်​ဝိဟာကို သဒ္ဓါနှစ်​သက်​ စိတ်​ထက်​ကြည်​ဖြူ
စိုက်​​ဆောက်​ထူ၍ လှူပါရသား အကျိုးအားဖြင့်

တချားသည့်​ပြင်​ ဗုဒ္ဓကူင်္ရ ဇာတ်​ဘာဝကို စိတ္တရမည်​တွင်
ပန်​ကျီ​ဆေး​ပေါင်း စုံ​အောင်​​လောင်း၍
သင့်​​ကြောင်းချယ်​လယ်​ အသွယ်​သွယ်​ကို
တင့်​တယ်​ဆမ်းပြား ကုသိုလ်​များနှင့်

တချားထို့ပြင်​ ​ရောင်​ထင်​​တောက်​ပ အမွန်​ချသည်
ဆိုင်​လှာဆိုင်​​ကောင်​ ဆိုင်​​ပေါင်​နှစ်​ရာ သာသည်​ခုနှစ်​ဆယ်
စွန်​ဝယ်​တဆိုင်​ တုနှိုင်းဘက်​ကွာ ​ရွှေစဝါဟု 
ရောင်​ဝါစိုရွှန်​ ​ရွှေမွန်​အသစ်

ပြီးသည်​နှစ်​ကား သက္ကရာဇ်​သင်္ချာ တ​ထောင်​လာ၍
တရာကိုးဆယ်​ စွန်​ဝယ်​ခုနစ်​ခု ဥတုမာသ ဝါ​ခေါင်​လလျှင်
ဆန်​ထဒီဒီ ပုဏ္ဏမီဟု အညီမပြက်​ ဆဲ့ငါးရက်​မှ
ပြည့်​ထလွန်​​ကျော်​ စွန်​​ပေါ်​ခြောက်​ရက်​ အချက်​မှံစွာ 
နေ့​သောက်ျာတွင်​ မင်္ဂလာမည်​ရ ​အောင်​သည်​ပဟု
ကိစ္စလုံစုံ ဥဿုံမကျွင်​ ပြီးလျင်း​သောခါ ဆြာတကာ 
စေတနာညွတ်​ပြတ်​ ဤလှုမြတ်​​ကြောင့်

ထက်​ရပ်​နိဗ္ဗာန်​ မစံသမျှ ဤဘဝမှ စ၍သံသရာ
ရှည်​လျားစွာလည်း ​လေးဖျာအပါယ်​ သုံးသွယ်​​သောကတ်
ငါးထပ်​ရံသူ ဆာပူလွတ်​ရှင်း ကင်းကြီးကင်း၍
လူမင်းချမ်းသာ နတ်​ချမ်းသာကို လုလာစံပြီး
ပြဉ်​ကြီးနိဗ္ဗာန်​ မြတ်​ဆုံးစွန်​သို့ မယံကျွန်​တို့ ​ရောက်​ပါလိုကုန်​​သောဝ်​။

ဤသည်​ကုသိုလ်​ အဖို့ကိုလည်း မြင်​မိုရ်​စက္ကဝါ 
မြေအလွှာ၌ မဟာနက်​ကျယ်​ သမုတ်​ဝယ်​လည်း
နှိုင်းဆွယ်​မရ ​​ကျေးဇူးစသည်​ မိဘဖိုးဖွား တရားကျကျ
ဓမ္မပဲ့ပြင်​ သွန်​သင်​ဆြာ ညာတကာနှင့်​ ယင်းချာမြို့​ဆွေ
ကျွန်​တို့​ဝေ၏။

ရေ​မြေစိုးရ ဘဝသခင်​ ​ရွှေနန်းရင်​နှင့်​ 
တောင်​တင်​ညာထား မိဖြုားနှင့်​ သား​တော်​သ္မီး
မူးကြီးမတ်​ရာ

သာသနာငါး​ထောင်​ ကုန်​​အောင်​​စောင့်​တတ်
နတ်​ကမကျွင်း မြစ်​မင်းငါးသွယ်​ မြစ်​ငယ်​ငါးရာ 
လေးဖြာကျွန်​မ အနန္တစကြဝဠါ များစွာအကုံ ဘုံသုံးဆဲ့တစ်
ဖြစ်​ရြသမျှ ယမလယမမင်း မကျွင်းရ​စေ အမျှ​ဝေ၏။

ကိုယ်​တွင်​မကွာ ​စောင့်​ကျပ်​ပါသား သမာဓိနတ်
အမြဲမှတ်​​လော ​ပေအပ်​စာရင်း ကမ္ပဉ်းသွင်​ခါ 
ငေ်းမှုရာကို မံစွာသတိ မာတလိအား ရှိသည်​အလိုက်​ 
ရွှေပုရပိုက်​တွင်​ ​ရေးမှတ်​ထင်​​အောင်​ လုလ္လ​ဆောင်​ပါ 

နောင်​ခါတချက်​ တဝက်​သာသနာ ရှိ​သောခါမှ
ရာဇာမင်းမြတ်​ ​ပေါ်လတ်​​သောခါ ကမ္ပဉ်းစါကို 
ဖွေရှာသဉ်​ခိုက်​ ​ရွှေပုရပိုက်​တွင်
စိုက်​၍ချယ်​​တော်​မူ​စေ​သော။

ဝသုန္ဓ​ရေ သက်​​သေညွှန်​ကျား သိ​စေသားဟု
ထိပ်​ထား​ကျော်​သာ ​ဝေငှပါ၏။

ဗြဟ္မာနတ်​လူ သုံးဘုန်​သူတို့ ကြည်​ဖြူ​စေ ဤ​ငေ်းမှုကို
သာဓု သာဓု သာဓု ​ခေါ်​စေ​သော်
ဝေပါကုန်​ ။

====================

ရွှေပိန်းချကျွန်းတိုင်​၌ ​ရေးထိုးထား​သော
မူရင်းသတ်​ပုံအတိုင်း ​ရေးကူးထားခြင်းသာ ဖြစ်​သည်​။

PDF 👉 (19.7 KB)
https://yadi.sk/i/AkaoH4TE3aJhdR

ကနန်း​ဒေသရှိ ​ဇေတဝန်​​ကျောင်း​ဆောင်ကြီးများ
https://m.facebook.com/story.php?story_fbid=780879215450362&id=100005848723377

No comments:

Post a Comment