ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာနအနေဖြင့်လည်း
ကမ္ဘာပေါ်ရှိ ဘာသာတရားများကို အကြမ်းအားဖြင့် နှိုင်းယှဉ်လေ့လာ သင်ကြားခြင်း၊ ဒဿနနိဒါန်း၊
ကျော်ကြားသော ဒဿနပညာရှင်များ၏ အယူအဆအမျိုးမျိုးနှင့် ဗုဒ္ဓ၀ါဒဂိုဏ်းကွဲများ၊ ဗုဒ္ဓ၀ါဒပြန့်ပွားလာပုံ၊
ဗုဒ္ဓဒေသနာပြန့်ပွားလာအောင် ဆောင်ရွက်ရမည့် နည်းလမ်းတို့ကို ပို့ချပေးပါသည်။
အခြားဘာသာဝါဒတစ်ခု၏ အားနည်းချက်၊ အားသာချက်တို့ကို
သိရှိထားမှသာလျှင် အခြားဘာသာဝင်တစ်ယောက်က မိမိတို့ ဘာသာဝါဒအပေါ် စောဒကတက်လာလျှင် ခြေခြေမြစ်မြစ်
ပိုင်ပိုင်နိုင်နိုင် ပြန်လည်ချေပ ဆွေးနွေးနိုင်ရန် ဤဌာနက ရည်ရွယ် ပို့ချပေးသည်။
သင်္ချာဘာသာရပ်ကိုလည်း ကလေးငယ်များအား ပြန်လည်သင်ကြားပေးနိုင်စေရန်
ရည်ရွယ်၍ T.T.C များ၌ သင်ကြားသည့်စနစ်အတိုင်း သင်ကြားပေးသည်။
No comments:
Post a Comment