ပိဋကတ်ဆိုင်ရာပါဠိစာပေဌာနသည် ပါဠိဘာသာကို ကမ္ဘာ့တက္ကသိုလ်ကြီးများမှ
သင်ကြားသည့် နည်းစနစ်များကို မှီငြမ်းပြု၍ သင်ကြားပေးသည်။ ပါဠိကို သင်ရာ၌ ပါဠ်ဘာသာ၏
ဇစ်မြစ်၊ ပါဠိနှင့် ဆက်နွယ်နေသည့် ဘာသာစကားများ စသည်တို့ကိုပါ လေ့လာခွင့် ရသည်။ ဤနည်းအရ
ကစ္စည်းသဒ္ဒါ၊ ရူပသိဒ္ဓိ စသည်တို့နောက်သို့ မလိုက်ဘဲ လွယ်ကူရှင်းလင်းသည့် ပါဠိဝါကျ တည်ဆောက်ပုံ
နည်းစနစ်များကို သင်ကြားပေးသည်။
ထို့ပြင် ပါဠိဘာသာကို လေ့လာရာ၌ အထောက်အကူပြုစေရန်
သက္ကတဘာသာကိုလည်း ဤဌာနက တာဝန်ယူ ပို့ချပေးသည်။ ပါဠိပညာရှင်အချို့သည် ပါဠိဘာသာကို ပိုင်နိုင်ကျွမ်းကျင်စေလို၍
သက္ကတဘာသာကိုပါ သင်ယူသင့်သည်ဟု ယူဆကြသောကြောင့် ဖြစ်သည်။
No comments:
Post a Comment