ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာနသည်
သာသနာ့တက္ကသိုလ်များ၌ အလွန်လိုအပ်သော ဌာနတစ်ခုဖြစ်သည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလ
မြန်မာစာပေလောကကို ရဟန်းတော်များ ဦးဆောင်နိုင်ခဲ့သည်။ ကိုလိုနီခေတ်ဦးမှစ၍ နောက်ပိုင်းကာလများ၌မူ
ရဟန်းတော်များ ဦးဆောင်မှု အခန်းကဏ္ဍမှာ လျော့နည်းမှေးမှိန်သွားခဲ့သည်။
အကြောင်းတစ်ရပ်အနေဖြင့်ဆိုရလျှင် ပါဠိဘာသာကို
တတ်ကျွမ်းပြီးဖြစ်၍ မြန်မာစာကို သင်ယူရန်မလိုဟု ယူဆပြီး မြန်မာစာကို စနစ်တကျ သင်ယူလေ့ကျင့်မှု အရှိန်အဟုန် လျော့နည်းသွားသောကြောင့်
ဖြစ်သည်။ တစ်ခါသော် ဘွဲ့ခံဆရာတော်ကြီးတစ်ပါး၏ စာ (၇)မျက်နှာပါ ထေရုပ္ပတ္တိအကျဉ်းကို လေးဝါကျမျှဖြင့်
အပြီးရေးသားထားသည်ကို ဖတ်ရှုရသည်။ ရေးသားထားသော ပုဂ္ဂိုလ်မှာ ပါဠိပါရဂူ၊ ကောဝိဒဘွဲ့များရထားသည့်
လူလတ်ပိုင်းအရွယ် ရဟန်းတော်တစ်ပါးဖြစ်သည်။ ထေရုပ္ပတ္တိ၏ ဆိုလိုရင်းကို ကောက်ချက်ချ၍ မရ။
နိဒါန်း၊ နိဂုံးမပါ။ ပါဠိကျမ်းကိုးနှင့် ပျို့၊ လင်္ကာများကို ကြားညှပ် သုံးထားသေးသည်။
ဤဌာနအနေဖြင့် ရှေးဟောင်းကျောက်စာ၊ မင်စာ၊ ပျို့၊
လင်္ကာများကို ပို့ချပေးသည်။ ရန်ကုန်တက္ကသိုလ်၌ ပို့ချနည်းအတိုင်း ပို့ချပေးခြင်း ဖြစ်သည်။
မြန်မာစာပေအရေးအသား တော်စေရေးဟူသော မူကို အကောင်အထည် ပေါ်စေရန် ဤဌာန၏ ထောက်ကူမှုမှာ အရေးပါလှသည်။
No comments:
Post a Comment