ဝိနည်း၊
သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိပိဋကတ်တို့ကို သင်ကြားရာ၌ အစိုးရဓမ္မာစရိယ ပို့ချစဉ်အတိုင်း ရှေးဟောင်းသင်ရိုးစည်းမျဉ်း
အားလုံးကို ထည့်းသွင်းပြဋ္ဌာန်းထားသည်။ ရှေးဟောင်းနည်းစနစ်ကို မပစ်ပယ်သင့်ပါ။ “ရှေးရိုးနည်းတည် ဆင့်ကာထွင်” ရန်သာလိုသည်။
အကြောင်းမူ ထိုနည်းအတိုင်းသင်ကြား၍ ပိဋကတ်အိုးကွဲအောင် တတ်မြောက်ကျွမ်းကျင်တော်မူကြသည့်
ဆရာတော်များ ယနေ့တိုင် ပေါ်ထွန်းဆဲ ဖြစ်သောကြောင့်တည်း။
ရှေးခေတ်ပုံစံဖြင့်
ပို့ချသည့် နည်းစနစ်အပြင် ကမ္ဘာ့တက္ကသိုလ်အသီးသီးတွင် သင်ကြားပို့ချသည့် ခေတ်လေ့လာနည်းစနစ်ဖြင့်
ထပ်လောင်းထားသည်။ ဥပမာအားဖြင့် “ပဌမပါရာဇိက သုဒိန္နကဏ္ဍကို အခြေပြု၍ ဗုဒ္ဓခေတ် အိန္ဒိယနိုင်ငံ၏
လူမှုရေးအခြေအနေကို သုံးသပ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် သုဒိန္နကဏ္ဍလာ ဝေါဟာရ၊ ဖြစ်ရပ်၊
ဒေသ၊ ပါဝင်သူတို့၏ ပြောဆို ဆက်ဆံပုံ၊ ယင်းတို့၏ ယုံကြည်ချက် စသည်တို့ကို နောက်ခံပြု၍
ဗုဒ္ဓခေတ်လူမှုရေးကို ဟောပြောပို့ချပေးခြင်းမျိုး ဖြစ်သည်။
ဤနည်းအရ စာသင်သားများသည် ပါဠိတော်လာ ဝေါဟာရ၊
ဖြစ်ရပ်၊ အဓိပ္ပါယ် အယူအဆ၊ အဆုံးအဖြတ်များနှင့် ပက်သက်၍ တောက်ပြောင်ဆန်းသစ်သည့် အတွေးအမြင်
အကြံအစည်များကို ရရှိလာနိုင်သည်။ ပဌမပါရာဇိကသိက္ခာပုဒ်မတိုင်မီ သိက္ခာပုဒ်ပေါင်း မည်မျှပညတ်ထားပြီနည်း?
ဗုဒ္ဓခေတ် တိတ္ထိဆရာကြီအချို့ အဘယ်ကြောင့် ရေနှင့်သစ်ပင်ကို သက်ရှိဟု ယူဆခဲ့ကြသနည်း?
စိတ်ဝိဉာဉ်၏ တည်ရာကို ဗုဒ္ဓက မည်သို့ ဟောတော်မူခဲ့သနည်း? စသည်တို့ကို ခေတ်လေ့လာနည်းစနစ်ဖြင့်
ဆန်းစစ်လေ့လာနိုင်သည်။
No comments:
Post a Comment