Wednesday, 10 December 2014

လူတွေ့မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

ရေးဖြေတွင် နှစ်စဉ် သင်တန်းသားဦးရေ တက္ကသိုလ်နှစ်ရပ်ပေါင်း ၂၀၀-ခန့် အောင်မြင်သည်ကို တွေ့ရသည်။ ရေးဖြေ အောင်ပြီးပါက လူတွေ့ မေးမြန်းခြင်း ခံယူရဦးမည်ကို မမေ့နှင့်ဦး။ အချို့မှာ ရေးဖြေအောင်ပြီးသည်နှင့် ၀င်ခွင့်ကိစ္စ ပြီးမြောက်သည် ထင်မှတ်ကာ ခရီးဝေးသို့ ထွက်သွားမိ၍ လူတွေ့မေးမြန်းခြင်း မဖြေဆိုလိုက်ရသဖြင့် တကယ့်အောင်စာရင်းတွင် မပါဘဲ ကျရှုံးကာ ၀င်ခွင့်မရသူများကို နှစ်စဉ်လိုလို တွေ့နေရသည်။
လူတွေ့ မေးမြန်းရာတွင် အဓိကအားဖြင့် ၀င်ခွင့်ဖြေဆိုသူရဟန်းတော်၏ ပြောပုံ၊ ဆိုပုံ၊ မှတ်ဉာဏ်၊ ဗဟုသုတနှင့် ဥပဓိရုပ်တို့ကို အကဲဖြတ်သည်။ ဖြေဆိုသူအနေဖြင့် သဒ္ဒါ၊ အဘိဓမ္မတ္ထသင်္ဂဟထဲမှ ကဏ္ဍအချို့၊ အသုံးများသည့် ၀ိနည်းသိက္ခာပုဒ်အချို့တို့ကို ပြန်နွှေးထားသင့်သည်။
ပြင်ပဗဟုသုတစာပေ ဖတ်ရှုမှု အခြေအနေကိုလည်း မေးမြန်းနိုင်သဖြင့် မိမိနှစ်သက်ရာ စာအုပ်စာတန်းများထဲမှ အကြောင်းအရာ အချို့ကို ဖတ်မှတ် ထုတ်နှုတ်ထားသင့်သည်။ စာမေးသူက “ဘယ်စာအုပ်ဖတ်ဖူးသလဲ”ဟု မေးလာလျှင် အဆင်သင့် ဖြေဆိုနိုင်ရန် ဖြစ်သည်။ ထို့ပြင် မိမိတို့ဒေသရှိ ဘုရားများ၊ ထင်ရှားသည့် အကြောင်းအရာများ၊ သမိုင်းနောက်ခံများ စသည်တို့ကိုလည်း လေ့လာထားသင့်သည်။ စစ်မေးသူများနှင့် ပြောဆိုဆက်ဆံသောအခါ အလွန်နှိမ့်ချ အောက်ကျို့သော (ဖားသော) အမူအရာနှင့် ထောင်လွှားသော မရိုသေသော အမူအရာတို့ကို (လုံးဝ) ရှောင်ကြဉ်ရမည်။

No comments:

Post a Comment