ဒုတိယနေ့တွင်
ပါဠိနှင့်အင်္ဂလိပ်ဘာသာမေးခွန်းလွှာကို ဆက်လက်ဖြေဆိုကြရမည်။ ယင်းမေးခွန်းလွှာတွင် ပါဠိဘာသာမေးခွန်း(၅)ပုစ္ဆာ၊
အင်္ဂလိပ်ဘာသာမေးခွန်း (၅)ပုစ္ဆာ ဖြေဆိုကြရမည်။
အပိုင်း(၁) ပါဠိဘာသာအတွက်
အမှတ်(၂၀)၊ အပိုင်း(၂) အင်္ဂလိပ်ဘာသာအတွက် အမှတ်(၂၀) စုစုပေါင်း အမှတ်(၄၀) ရမှ အောင်မှတ်ရမည်
ဖြစ်သည်။ ပါဠိဘာသာ မေးခွန်းလွှာအတွက် ပထမကြီးတန်းပြဋ္ဌာန်းချက် ကစ္စည်းသဒ္ဒါဘာသာ နှင့် ဇာတ်အဋ္ဌကထာ
ဘာသာပြန်ဘာသာတို့ကို ပြန်လည် လေ့လာ ကျက်မှတ်ထားရမည်။
ကစ္စည်းဘာသာရပ်တွင် ကစ္စည်းသဒ္ဒါကြီး ရှစ်စောင်လုံးကို ပြန်လည်လေ့လာထားရမည်။
အကြောင်းမှာ မေးခဲ့ပြီးသော မေးခွန်းဟောင်းများကို လေ့လာကြည့်လျှင် သန္ဓိပုဒ်ဖြတ်၊ ပုဒ်စပ်၊
နာမ်ဂိုဏ်း၊ ၀ိဘတ်သွယ်၊ အာချတ် ကြိယာ၊ ဓာတ်ပစ္စည်းခွဲ၊ ကာရကပုဒ်များ၏ ၀ိဘတ္တိနှင့် ၀ိယသတ္ထ၊
သမာသ်ပုဒ်များ ၀ိဂ္ဂဟပြု၊ တဒ္ဓိတ်ပုဒ်များကို ပုဒ် ပစ္စည်း ဝေဖန်၊ တဒ္ဓိတ်ဝိဂ္ဂဟပြု၊ ကိတ်ပုဒ်များကို
ဓာတ် ပစ္စည်း ခွဲခြင်းများ မေးမြန်းထားသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။
ပါဠိပုစ္ဆာများကို လေ့လာကြည့်သောအခါ-
(က) ပါဠိဝါကျများကို မြန်မာဘာသာသို့
ပြန်ဆိုစေခြင်း၊
(ခ) မြန်မာဝါကျများကို ပါဠိဘာသာသို့
ပြန်ဆိုစေခြင်း၊
(ဂ) ပဓာနကြိယာပုဒ်များကိုသာ ဖော်ပြပြီး ယင်းကြိယာနှင့်
ဆီလျော်မည့် ကတ္တား၊ ကံ၊ ကရိုဏ်း သမ္ပဒါန်ပုဒ်များ ဖြည့်စွက်စေခြင်း၊
(ဃ) ကြိယာပုဒ်များစွာပါသော
ဝါကျတစ်ခုကို ၀ါကျများ ခွဲခြားစိတ်ဖြာစေခြင်းစသည့် ပုစ္ဆာများကို တွေ့ရပေသည်။ ယင်းပုစ္ဆာများကို
ခြုံကြည့်လျှင် ပထမကြီးတန်းဘာသာပြန်မေးခွန်း ဇာတ်အဋ္ဌကထာဘာသာရပ်ကို မေးထားခြင်းဖြစ်ရာ
ယင်းပုစ္ဆာများကို လွယ်ကူစွာ ဖြေဆိုနိုင်ဖို့ ပထမကြီးတန်း ဇာတ်အဋ္ဌကထာ ဘာသာကို ပြန်လည်လေ့လာထားရမည်။
အချုပ်အားဖြင့်ဆိုရသော်
ဒုတိယနေ့ ပါဠိဘာသာမေးခွန်းလွှာအတွက် ပထမကြီးတန်း ကစ္စည်းသဒ္ဒါဘာသာနှင့် ဇာတ် အဋ္ဌကထာဘာသာပြန်
ဘာသာရပ်တို့ကို ကျေညက်စွာ လေ့လာထားပါလျှင် ယင်းပါဠိဘာသာရပ်ပုစ္ဆာကို လွယ်ကူစွာ ဖြေဆိုနိုင်ပါလိမ့်မည်။
No comments:
Post a Comment