ပညာစုံလို၊ တက္ကသိုလ်၊ တက်ကိုတက်သင့်သည်။
လောကီ လောကုတ်၊ အနှစ်ချုပ်၊
ထုတ်နှုတ်သင့်ကြသည်။
အောင်ခဲလှစွာ၊ ၀င်ခွင့်မှာ၊
အောင်လာကြပေပြီ။
ဝင်ခွင့်စာပွဲ၊ ခြေစစ်ပွဲ၊
တစ်နဲ(နည်း) တူလေသည်။
အုပ်စုကွာတား၊ ဆီမီးများ၊
အများကျန်သေးသည်။
ပညာလိုလား၊ စာသင်သား၊ ကြိုးစားသင့်လှသည်။
ရိုးသားကြိုးစား၊ လက်ကိုင်ထား၊
တိုးပွားကြပေမည်။
အခွင့်သာဆဲ၊ နင်မခဲ၊ အလွဲနင့်ပြင်မရှိပြီ။
ထို့ကြောင့်သာပ၊ ကြိုးစားကြ၊
မုချ ကျိုးများမည်။

No comments:
Post a Comment