ဝင်ခွင့်စာမေးပွဲ လာရောက်ဖြေဆိုသူများသည်-
စာမေးပွဲခန်းသို့ ၀င်ရောက်သည်နှင့် တစ်ပြိုင်နက် ဆေးလိပ်သောက်ခြင်း၊ ကွမ်းဝါးခြင်း၊
အချင်းချင်း အပြန်အလှန် စကားပြောဆိုခြင်း၊ ရိုင်းပြသော အမူအရာများ ပြုလုပ်ခြင်း၊ အဖြေလွှာများ
ရေးကူးလဲလှယ်ခြင်း စသည့် အမှုများကို အထူးရှောင်ကြဉ်၍ သန့်ရှင်းစွာ ဖြေဆိုကြရမည်။ ၀င်ခွင့်ခုံနံပါတ်၊
ဘောလ်ပင်၊ ပေတံမှလွဲ၍ စာမေးပွဲခန်းမအတွင်းသို့ အခြားအရာဝတ္ထုများ ယူဆောင်လာခြင်းကို
မပြုလုပ်မိဖို့ လိုသည်။ စာမေးပွဲ ဖြေဆိုရာတွင် အဖြေလွှာတိုင်း၌ ပုစ္ဆာနံပါတ်၊ ခုံနံပါတ်များကို
ရေးထိုးထားရှိဖို့ မမေ့ပါနှင့်။ ထို့ပြင် ကြီးကြပ်ရေးဆရာတော်များ၏ စာမေးပွဲနှင့် ပက်သက်သည့်
ကြေညာချက်၊ သတိပေးချက်များကို လည်း သတိပြု လိုက်နာကြရန် လိုသည်။
ရေးဖြေစာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို
စာဖြေခန်းရှေ့ရှိ ကြော်ငြာသင်ပုန်းနှင့် မော်ကွန်းထိန်းရုံး ရှေ့ရှိ ကြော်ငြာသင်ပုန်းများတွင်
အချိန်မီ ထုတ်ပြန်ကြေညာပေးသွားမည်။
No comments:
Post a Comment