ဝင်ခွင့်ဖြေဆိုမည့်
အရှင်သူမြတ်သည် (နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် (၉)ရက်နေ့၊ နံနက် (၇း၀၀)မှ တန်ဆောင်မုန်းလဆန်း
(၁၃)ရက်နေ့ ညနေ(၄း၀၀)အတွင်း) လျှောက်လွှာပုံစံများကို ဖြေဆိုလိုသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်။
ကိုယ်တိုင်မလာရောက်နိုင်လျှင် ကိုယ်စားလှယ်လွှတ်၍ ထုတ်ယူနိုင်သော်လည်း လျှောက်လွှာပြန်လည်တင်သွင်းသောအခါ၌မူ
ဖြေဆိုမည့်သူကိုယ်တိုင် ပြန်လည်တင်သွင်းရမည်။ လျှောက်လွှာ ပြန်လည်တင်သွင်းသည့်အခါတွင်
ဖြေဆိုမည့်သူကိုယ်တိုင် လာရောက်လျက်-
(၁)
သာသနာဝင်မှတ်တမ်းမူရင်း
(၂)
ပတ်(စ်)ပို့အရွယ် ဓာတ်ပုံ (၂)ပုံ
(၃)
ပထမကြီးတန်းအောင်လက်မှတ်မူရင်းနှင့် မိတ္တူအပြည့်အစုံပြ၍ တင်သွင်းရပါမည်။
(ယခုနှစ်မှ အောင်မြင်သူများကား ခြွင်းချက်ဖြင့်
(အောင်လက်မှတ်မရသေးပါက) အောင်လက်မှတ်ပြရန် မလိုပါ။)
ပတ်(စ်)ပို့အရွယ်
ဓာတ်ပုံ (၂)ပုံ၏ နောက်ကျောတွင် ဖြေဆိုမည့်သူ၏ ဘွဲ့အမည်၊ သာသနာဝင်အမှတ်၊ အဖအမည်တို့ကို
ပီသထင်ရှားစွာ ရေးပြီး၊ ဓာတ်ပုံတစ်ပုံကို လျှောက်လွှာတွင်ကပ်ကာ၊ ကျန်ဓာတ်ပုံတစ်ပုံကို
ခုံနံပါတ်တွင် ကပ်ရန်အတွက် အလွတ်ယူဆောင်ခဲ့ရပါမည်။
တစ်ဖန်
ဝင်ခွင့်လျှောက်လွှာတွင်ပါရှိသော အချက်အလက်အသေးစိတ်ကိုလည်း ပြည့်စုံမှန်ကန်မှုရှိအောင်
ဖြည့်သွင်းကြရမည်။
အထူးသဖြင့်
အမှတ်စဉ်(၆)ပါ ဖြေဆိုသူ၏ မွေးသက္ကရာဇ် ခုနှစ်၊ လ၊ ရက် အပြည့်အစုံနှင့် အမှတ်စဉ် (၇)ပါ
ရဟန်းသာမဏေဖြစ်သည့် ရက်ချုပ်အပြည့်အစုံကို သာသနာဝင်မှတ်တမ်းပါအတိုင်း ကွဲလွဲမှုမရှိရအောင်
တိကျ မှန်ကန်စွာ ဖြည့်သွင်းရမည်။ (ရဟန်း/သာမဏေ နှစ်ခုလုံး ဖြည့်သွင်းဖို့ မလိုပါ။)
အမှတ်စဉ်(၉)ပါ
ယခုလက်ရှိ သီတင်းသုံးသော နေရပ်လိပ်စာ အပြည့်အစုံဆိုသည်မှာ- မိမိအမှန်တကယ် ၀င်ခွင့်ဖြေဆိုမည့်ကျောင်းတိုက်၏
နေရပ်လိပ်စာကို ဆိုလိုသည်။ ထို့ကြောင့် ဖြေဆိုသူသည် အမှန်တကယ် ဖြေဆိုမည့် ကျောင်းတိုက်ကို
ရွေးချယ်စဉ်းစားပြီးမှ ဖြည့်သွင်းကြစေလိုပါသည်။ အကြောင်းမှာ ၀င်ခွင့်အောင်မြင်ပြီးနောက်
ကျောင်းဝင်ခွင့်လျှောက်လွှာ ပြန်လည်တင်သွင်းသည့် အခါတွင် ၎င်းလိပ်စာနှင့်ပင် ပြည်လည်တင်သွင်းရမည်
ဖြစ်သော ကြောင့်တည်း။
အမှတ်စဉ်(၁၀)ပါ အောင်မြင်ခဲ့သောအတန်းနေရာတွင်လည်း
မိမိအောင်မြင်ထားခဲ့သော အတန်းစဉ်လိုက် အောင်မြင်ခဲ့သော ခုနှစ်၊ ခုံအမှတ်၊ စာဖြေဌာန၊
ကျောင်းတိုက်အမည်တို့ကို တိကျမှန်ကန်မှုရှိအောင် ဖြည့်သွင်းကြရ မည်။ ထိုသို့ဖြည့်သွင်းရာ၌
အောင်မြင်ခဲ့သော ခုံနံပါတ်ရှေ့၌ စာဖြေဌာန၏ သင်္ကေတအက္ခရာ မပါရှိခြင်း၊ စာဖြေဌာန အမည်၊
အောင်မြင်သည့်ခုနှစ်၊ ကျောင်းတိုက်အမည် မမှန်ကန်သည့် လျှောက်လွှာများကိုမူ လက်ခံစဉ်းစားလိမ့်မည်
မဟုတ်ပါ။
အမှတ်စဉ်(၁၂)
သီတင်းသုံးခဲ့ဖူးသော ကျောင်းတိုက်များနေရာတွင် ဖြေဆိုသူနေထိုင်ခဲ့ဖူးသော ကျောင်းတိုက်
အမည်နှင့် ၎င်းကျောင်းတိုက်တည်ရှိရာ မြို့နယ်၊
မြို့အမည်များကို အပြည့်အစုံ ပူးတွဲဖော်ပြရပါမည်။ တစ်ကျောင်းနေ ဖူးသူများဖြစ်လျှင်
တစ်ကျောင်း၊ နှစ်ကျောင်း, သုံးကျောင်းစသည် နေထိုင်ဖူးသူများအဖို့ နှစ်ကျောင်း, သုံးကျောင်းအထိ
ပြည့်စုံစွာ ရေးသွင်းရမည်။
(ဥပမာ)
မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ (ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း)စသည်ဖြင့် မြို့နယ်၊ မြို့တို့ကို
ပူးတွဲ ဖြည့် သွင်း၍ အပြည့်အစုံ ဖော်ပြပေးခြင်းမျိုး ဖြစ်သည်။
ဖော်ပြပါ
အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပြီးနောက် လျှောက်လွှာပိတ်သည့်နေ့ ညနေ(၄)
နာရီ နောက်ဆုံးထား၍ မော်ကွန်းထိန်းရုံးသို့ ကိုယ်တိုင်လာရောက် တင်သွင်းရပေမည်။
(ထိုရက်ထက်
နောက်ကျသော လျှောက်လွှာများကို လက်ခံစဉ်းစားလိမ့်မည် မဟုတ်ပါ။)
No comments:
Post a Comment