နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများကို ပြည်တွင်းပြည်ပ တို့၌ သာသနာပြုစွမ်းနိုင်သော
ရဟန်းတော်များ ပေါ်ပေါက်စေရေးဟူသော အဓိကရည်ရွယ်ချက်ဖြင့် တည်ထောင် ဖွင့်လှစ်ခဲ့ရာ ယခု
၁၃၇၆-ခုနှစ်ဆိုလျှင် (၂၇)နှစ် သက်တမ်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ရည်ရွယ်ချက်အတိုင်း
လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့် တိုးတက်အောင်မြင်မှုများလည်း ရရှိလာခဲ့ပြီး
ဖြစ်သည်။
စတင်ဖွင့်လှစ်ကာစက
အစိုးရဓမ္မာစရိယတန်းအောင်မြင်ပြီး ရဟန်းတော်များကိုသာ မဟာဓမ္မာစရိယတန်း တက်ရောက်ရန် ခေါ်ယူခဲ့သော်လည်း
၁၃၅၁-ခုနှစ်မှစတင်၍ တက္ကသိုလ်စည်းမျဉ်းအသစ် ပြင်ဆင်ရေးဆွဲလျက် အစိုးရပထမကြီးတန်းအောင်မြင်သူ
ရဟန်းသာမဏေများကို တက္ကသီလဓမ္မာစရိယတန်း တက်ရောက်ရန် ခေါ်ယူခဲ့ သည်ကို တွေ့ရပါသည်။
တက်ရောက်လိုသူများသည်
အစိုးရပထမကြီးတန်းအောင်မြင်ထားရုံသက်သက်ဖြင့်ကား တက်ရောက်ခွင့် မရသေးပေ။ တက္ကသိုလ်ဝင်ခွင့်
ရေးဖြေနှင့် နှုတ်ဖြေ စာမေးပွဲနှစ်ရပ်လုံး အောင်မြင်ပြီးမှသာ တက်ရောက်ခွင့် ရကြပါသည်။
ဤနိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများသည်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် တက္ကသိုလ် အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့်
တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ အုပ်ချုပ်ရေးကဏ္ဍရော ပညာရေး ကဏ္ဍပါ စည်းမျဉ်းချင်း တူညီကြသည်။
အလားတူပင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ကျင်းပပုံနှင့် အချိန်ဇယားများလည်း အတူတူပင်ဖြစ်သည်။
ထို့ကြောင့်
စာရေးသူက တက္ကသိုလ်ဝင်ခွင့်ဖြေဆိုကြမည့် အရှင်မြတ်များအတွက် ကြိုတင်သိထားသင့် သော အချက်အလက်အကြောင်းအရာများကို
တက္ကသိုလ်ပညာသင်ကြားရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စုံစုံလင်လင်သိရှိစေရန် အသေးစိတ် တင်ပြလိုက်ပါသည်။
No comments:
Post a Comment